Saturday 31 March 2012

Nature and Architecture


ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် သတင်းအချက်အလက်ကို တနေ့တခြားပိုမို၍ ဗဟိုပြုလာသည့်အလျောက် ဗိသုကာ ပညာရပ်သည်လည်း သတင်း အချက်အလက်၏ အစိတ်အပိုင်းတခု ဖြစ်လာသည်။ သတင်း အချက်အလက်များက ဖော်ပြသည့် ဗိသုကာပညာရပ်၏ တန်ဖိုးကို လစ်လျူရူ၍ကား မရနိုင်ပေ။ သို့သော် စိုးရိမ်စရာကောင်းသည့်အချက်မှာ လူအများ၏ အာရုံကို ဆွဲဆောင်ရန်သာ ကြိုးစားလာကြခြင်းဖြစ်သည်။ ရလာဒ်အဖြစ် ဗိသုကာပညာရပ်၏ အနှစ်သာရကို အလေးမထားကြတော့ပဲ အပေါ်ယံကြည့်ကောင်းသည့် အဆောက်အအုံဒီဇိုင်းများကို ပြုလုပ်လာကြတော့သည်။  

ဗိသုကာပညာရပ်သည် စီးပွားရေး၊ လူ့အဖွဲ့အစ္စည်းစသည်တို့နှင့် နီးနီးကပ်ကပ် ဆက်နွယ်နေပြီး လျင်မြင်သည့် လူမူ အပြောင်းအလဲများက ဗိသုကာပညာရပ် အပေါ် များစွာ အကျိုးသက်ရောက်မူရှိပေသည်။ ခေတ်သစ် (Modern) ၀ါဒသည် (၁၉၅၀) ခုနှစ် နှောင်းပိုင်းတွင် ၄င်း၏အရှိန်အဟုန် အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့သည်။ စက်မူခေတ်လွန် လူ့အဖွဲ့အစည်းသည် သတင်းအချက်အလက် ဗဟိုပြု လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာသည့်အလျေက် ခေတ်သစ်ဝါဒကို စတင်ဝေဖန် ဆန်းစစ်လာကြတော့သည်။

 ပိုစ့်မော်ဒန်နစ်ဆင် (Post Modernism) အပါအ၀င် အမျိုးမျိုးသော လူပ်ရှားမူများလည်း ပေါ်ပေါက်လာခဲ့သည်။ သို့သော် ပိုစ့်မော်ဒန်နစ်ဆင်၏ အနှစ်သာရမှာ အပေါ်ယံမျှသာ ရှိနေသေးသည်။ တချိန်က ခေတ်သစ်ဝါဒ ပစ်ပယ်ထားခဲ့သည့် ရှေးခေတ် အဆောက်အအုံတို့၏ ပုံသဏ္ဍာန်နှင့် အပြောက်အမွှမ်းများကို ပြန်လည်ဆန်းသစ်၍ အသုံးချလာခြင်းသာဖြစ်သညါ။ ပိုစ့်မော်ဒန်ဝါဒသည် ဗိသုကာအသွင်သဏ္ဍာန် ပြောင်းလဲမူ သက်သက်သာဖြစ်ပြီး မော်ဒန်ဝါဒကြုံတွေ့ခဲ့ရသည့် ပြဿနာတို့၏ စစ်မှန်သော အဖြေကို မပေးနိုင်သေးပေ။  

ယနေ့အချိန်သည် မော်ဒန်ဝါဒကို ပြန်လည် သုံးသပ်ရမည့်အချိန် ဖြစ်သည်။ အကြောင်းမှာ ၄င်း၏ ငြီးငွေ့ဖွယ်ကောင်းသည့် ဆင်တူမူကြောင့်ဖြစ်သည်။ မော်ဒန်ဝါဒ၏ ဗိသုကာပညာရပ်အပေါ် အခြေခံချဉ်းကပ်မူကို ပြန်လည်စဉ်းစားရပေမည်။Generalize ပြုလုပ်ခြင်းဆိုသည်မှာ လူသားများကို အရေအတွက်ဖြင့်သာ စဉ်းစားသတ်မှတ်ခြင်းဖြစ်သည်။ စိတ်ခံစားမူ၊ လိုအင်ဆန္ဒများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် လူသားများကို ရုပ်ဝတ္ထုပစ္စည်းများသဖွယ် စဉ်းစားပြီး ၄င်းတို့၏ ကွဲပြားခြားနားသည့် ၀ိသေသလက္ခဏာများကို ဥပေက္ခပြုထားခြင်းဖြစ်သည်။ 

ထို့ကြောင့် လူသားများမှာ တိုင်းတာ သတ်မှတ်သည့် “ယူနစ်”များထက် ဘာမျှမပိုတော့ပေ။ ဗိသုကာပညာရပ်တွင် Generalize ပြုလုပ်ခြင်းမှာ function ပြေလည်စေရန်နှင့် အကုန်အကျ သက်သာစေရန် ပြုလုပ်ခြင်းဟု အဓိပ္ပါယ်ရသည်။ အကန့်အသတ်မရှိ Generalize ပြုလုပ်ခြင်းမှာ ယဉ်ကျေးမူကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည်။ အကြောင်းမှာ Generalization ၏ အခြားအဓိပ္ပါယ်မှာ “Standarization” ဖြစ်သောကြောင့်ပင်။  

အကယ်၍ အကုန်အကျ သက်သာစေမူ အတွေးအခေါ်သည် ဗိသုကာပညာရပ်၏ ယဉ်ကျေးမူ တန်ဖိုးကို လွှမ်းမိုးသွားပါက ကမ္ဘာအနှံ့ရှိ မြို့များမှာ ဆင်တူအဆောက်အအုံများဖြင့် ပြည့်နှက်သွားပေမည်။ အကယ်၍ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မူအတွက် ယဉ်ကျေးမူကို ငဲ့ကွက်နေမည်ဆိုပါက အခြေခံ မေးခွန်းဖြစ်သည့် “ဗိသုကာပညာရပ်ဆိုတာ ဘာလဲ” ဆိုသည့်မေးခွန်းကို မေးရပေမည်။ ဗိသုကာလက်ရာ ဖန်တီးမူသည် လူတဦးချင်းစီ၏ အလုပ်ဖြစ်ပြီး သမိုင်း၊ ရိုးရာဓလေ့နှင့် ရာသီဥတုတို့ကို ထည့်သွင်းစဉ်းစားရပေမည်။ ယနေ့ခေတ်တွင် ဗိသုကာလက်ရာဖန်တီးမူကို တဦးချင်း တယောက်ချင်းစီထက် အဖွဲ့အစည်းလိုက် ပိုမို၍ လုပ်ကိုင်လာကြသည်။  

ကွန်ပြူတာများကို သုံးစွဲလာကြပြီး အရာရာကို ပုံသေ တိုင်းတာသတ်မှတ်လာကြသည်။ ဗိသုကာပညာရပ်တွင် များစွာအရေးပါသည့် “လူတဦးချင်းစီ၏ စိတ်ကူးစိတ်သန်းနှင့် အတွေးအခေါ်များ” ကို အစည်းအဝေးများ၊ လူအများစု၏ ဆုံးဖြတ်ချက်များဖြင့် အစားထိုးလာကြသည်။ ဗိသုကာပညာရပ်သည် ခေတ်ကို ရောင်ပြန်ဟပ်ရုံမျှမက ဝေဖန်မူ ပြုနိုင်ရပေမည်။ ဗိသုကာပညာရပ်သည် အတွေးအခေါ်စနစ် တရပ်လုံးကို ကိုယ်စားပြု၏။ ဗိသုကာပညာသည် ပြင်ပအခြေအနေများကို ဖြေရှင်းရုံ (သို့မဟုတ်) Functional Problem များကို ဖြေရှင်းရုံသက်သက်မျှ မဟုတ်ပေ။  

ဗိသုကာပညာရှင်များ အနေဖြင့် အခြေခံမေးခွန်းများကို မေးရန်၊ ၄င်းတို့၏ ဗိသုကာစိတ်ကူးစိတ်သန်းများကို လွတ်လပ်ခွင့်ပေးရန် “လူသားဘ၀၊ သမိုင်းကြောင်း၊ ရိုးရာဓလေ့နှင့် ရာသီဥတု” တို့ကို ထည့်သွင်း စဉ်းစားရန် မိမိတို့ကိုယ်မိမိတို့ အလေ့အကျင့် ပြုလုပ်သင့်ပေသည်။

ကျွန်ုပ်တို့အနေဖြင့် တခြားသော အနုပညာရပ်များဖြစ်သည့် ကဗျာ၊ဂီတ စသည်တို့၌ ခံစားရသကဲ့သို့ “အံ့သြမူ၊ ရှာဖွေတွေ့ရှိမူ၊ စိတ်အာရုံ နိုးကြားမူ၊ ငြိမ်းချမ်းမူနှင့် ဘ၀၏ ပျော်ရွှင်ချမ်းမြေ့မူ” တို့ကို ခံစားနိုင်သည့် Architectural Space များကို ဖန်တီးနိုင်ရပေမည်။ ။ 

(၁၉၉၀) ခုနှစ်တွင် Tadao Ando ရေးသားခဲ့သည့် “Nature and Architecture” ကို ပြန်ဆိုရေးသားပါသည်။

ရေးသားသူ။ ။ ဗိသုကာ သုံး

No comments:

Post a Comment