Saturday 31 March 2012

Wall Architecture of Tadao Ando

Wall Architecture of Tadao Ando

အဆောက်အအုံတွေရဲ့ နံရံတွေဟာ ကျွန်ုပ်တို့ရဲ့ လှုပ်ရှားမူတွေကို ထိန်းချုပ်ထားတဲ့ အရာပါ၊

ကျွန်ုပ်တို့ကို လမ်းညွှန်တယ်၊ ဟန့်တားတယ်၊ ကျွန်ုပ်တို့ရဲ့ ဆက်နွယ်မူတွေကို လွှမ်းမိုးထားတယ်၊ ပြီးတော့ ကျွန်ုပ်တို့ကို ညွှန်ကြားတယ်၊ ပိုင်းခြားတယ်၊ တဖန် ပေါင်းစည်းပေးနိုင်ပါတယ်၊

အဲဒီလို အချက်တွေ ပါဝင်တတ်တဲ့ အဆောက်အအုံရဲ့ နံရံတွေကို နူးညံ့သိမ်မွေ့တဲ့ ခိုလှုံရာဖြစ်အောင် တနည်း အနုပညာမြောက်အောင် တတ်နိုင်စွမ်းတဲ့ ဗိသုကာတွေထဲမှာ ဂျပန်ဗိသုကာ တာဒါအိုအင်ဒို (Tadao Ando)ဟာ ထင်ရှားပါတယ်၊ 

အင်ဒိုဟာ မာကျောသော အသွင်ရှိတတ်တဲ့ နံရံတွေနဲ့ ဗိသုကာလက်ရာများစွာကို ဖန်တီးခဲ့တယ်၊ များသောအားဖြင့် အထောက်အကူမပါတဲ့ နံရံတွေ (Freestanding Walls) နဲ့ နေချင်စဖွယ်ကောင်းတဲ့ နေရာတွေကို ဖွဲ့စည်းတယ်၊ ကောင်းကင်ကို ပါးပါးလွှာလွှာလှီးဖြတ်ထားပြီး ရေနဲ့ သဘာဝအလင်းရောင်တွေကို နေထိုင်အသုံးပြုရာ နေရာ (Space)တွေကို နံရံတွေနဲ့ အနုပညာမြောက်အောင် လှလှပပ ဖန်တီးတင်ပြနိုင်သူ တစ်ဦးပါ၊ ကမ္ဘာမြေထုကြီးရဲ့ သဘာဝအနှစ်သာရတွေကို နံရံတွေနဲ့ ချုံချလိုက်တဲ့ သဘောပါပဲတဲ့၊ 

အင်ဒိုရဲ့ ဗိသုကာလက်ရာအများစုကို နံရံဗိသုကာလက်ရာလို့ ပြောလို့ရပါတယ်၊ ဟိုကိုင်းဒိုးမှာရှိတဲ့ Church on the water အဆောက်အအုံမှာဆိုရင် နံရံချည်းသက်သက်တွေက သဘာဝမြေခင်းကို ဘောင်ခတ်ဖွဲ့စည်းထားတာမျိုး၊

Church on the Water


အိုဆာကာမှာရှိတဲ့ Church of the light မှာဆိုရင် တောင့်ဖြတ်နံရံတခုက ကွန်ကရစ်ကုဗတုံးသဏ္ဍာန်ကို ထိုးဖောက်နေတာမျိုး၊



Church of the Light


နာအိုရှီးမားမှာရှိတဲ့ Chichu Art Museum မှာတော့ အလျားလိုက် ထက်ခြမ်းထားတဲ့ နံရံတွေက အတွင်းက Courtyard ကို ၀န်းပတ်ထားတာဖြစ်ပါတယ်၊

Chichu Art Museum




 
အင်ဒိုဟာ ကွန်ကရစ်ကို အထူးသဖြင့် ကွန်ကရစ်နံရံတွေကို အသုံးပြုပြီး ဗိသုကာလက်ရာတွေကို ဖန်တီးတယ်၊ သူ့ရဲ့ လက်ရာတွေဟာ ဆောက်လုပ်ရေးပစ္စည်း အမျိုးအမည်အနည်းငယ်နဲ့သာ သုံးပြီး အဲဒီ ပစ္စည်းတွေကို သဘာဝအတိုင်း အသုံးပြုတာကို တွေ့ရပါတယ်၊ ဒီဇိုင်းပြုလုပ်တိုင်း သူငယ်ငယ်က ကျွမ်းဝင်ခဲ့တဲ့ ရင်းနှီးခဲ့တဲ့ အဆောက်အအုံတွေမှာ အသုံးပြုခဲ့တဲ့ သဘာဝ ဗိသုကာလက်ရာတွေကို အမြဲ နှလုံးသွင်းတယ်၊  

လူအများ ရင်းနှီးပြီး ထိတွေ့ အသုံးပြုနိုင်တဲ့ ကြမ်းခင်း၊ တံခါးနဲ့ ပရိဘောဂတွေကို သဘာဝပစ္စည်းတွေ ဖြစ်တဲ့ သစ်သားတွေကို အသုံးပြုပါတယ်၊ အင်ဒိုရဲ့ တန်ဆာမဆင်ထားတဲ့ နံရံတွေဟာ အပြင်ပန်းက ကြည့်ရင် လေးလံသော အသွင်အပြင်ကို ဆောင်တယ်၊ (နွေးထွေးမူ မရှိသလိုတောင် ထင်ရပါတယ်)၊

အင်ဒိုရဲ့ အစောပိုင်းလက်ရာတွေဟာ ကွန်ကရစ်ပုံးသဏ္ဍာန်တွေသာ ဖြစ်ခဲ့တယ်၊ နောက်ပိုင်းကျလာတော့ နံရံတွေဟာ ပြေပြစ်လာတယ်၊ ကုဗတုံးပုံတွေကို တောင့်အနားတွေမှာ အလင်းရောင်ဝင်စေတဲ့ အဖွင့်မျိုးတွေ ပေးလာတယ်၊ ရိုးရှင်းတဲ့ တြီသြမေတြီတည်ဆောက်မူတွေကနေ သဘာဝနဲ့ သဘာဝအလင်းရောင်တွေကို အသွင်ပြောင်းထားတဲ့ အလင်းတွေနဲ့ Space ဖွဲ့စည်းထားမူမှာ ရောယှက် လာစေတယ်၊Kidosaki House မှာဆိုရင် သူ့ရဲ့ မှေးမှိန်စွာ တောက်ပတဲ့ နံရံတွေဟာ Space တွေကို လှလှပပဖြစ်အောင် ဖွဲ့စည်းပေးပါတယ်၊ 

အင်ဒိုဟာ အသုံးပြုမူ (Function) အလိုက် Space တွေကို မဖွဲ့စည်းပါဘူး၊ ဗိသုကာပညာနဲ့ နံရံတွေကိုအသုံးပြုပြီး နူးညံ့တဲ့ ခိုလှုံရာဖြစ်အောင် သက်တောင့်သက်သာ နေထိုင်အသုံးပြုလို့ ရစေအောင် ဖန်တီးတည်ဆောက်ပါတယ်၊ မာကျောတဲ့နံရံတွေနဲ့ ပျော့ပြောင်းတဲ့ Space တွေ ဖြစ်အောင် ဖန်တီးတယ်၊ ထိတွေ့နိုင်သော၊ နေချင်စရာကောင်းသော နေရာဖြစ်အောင် ဂရုတစိုက် ဒီဇိုင်းပြုလုပ်လေ့ရှိပါတယ်၊ အင်ဒိုရဲ့ အထောက်အကူမဲ့ နံရံတွေဟာ ပန်းချီရေးဆွဲထားတဲ့ ပြင်ညီလိုပါပဲ လို့ ပြောကြပါတယ်၊
Kidosaki House


ရေးသားသူ။ ။ ဗိသုကာ နှစ်

No comments:

Post a Comment