Thursday 29 March 2012

Skybox House



ဒိန်းမတ်နိုင်ငံ၊ ဇီးလန်ရဲ့ မြောက်ဘက်ကမ်းရိုးတန်း တစ်နေရာမှာ ရှိတဲ့ အိမ်လေးပဲ ဖြစ်ပါတယ်၊ (၇၅) စတုရန်းမီတာသာ ရှိတဲ့ အိပ်ခန်းနှစ်ခန်းပါ အိမ်လေးဟာ (၁၂၀၀) စတုရန်းမီတာကျယ်တဲ့ မြေကွက်အတွင်းမှာ တည်ဆောက်ထားတယ်၊ အဲဒီ မြေထဲမှာ သက်ကယ်ပစ္စည်းနဲ့ တည်ဆောက်ထားတဲ့ အိမ်လေးတစ်လုံး နဂိုကတည်းက တည်ရှိနေခဲ့ပြီး သစ်ပင်အုပ်တွေနဲ့ ၀န်းရံထားတယ်၊


ဒီ Skybox House လေးက အိပ်ခန်းနှစ်ခန်းသာ ပါရှိတဲ့ အိမ်လေးပဲ ဖြစ်တယ်၊ ဧည့်ခန်းကို အိပ်ခန်းတွေနဲ့ သပ်သပ်ခွဲထားတဲ့ ပုံစံမျိုးပေးထားတယ်၊ အိမ်အသေးလေး ဆိုပေမယ့် ကောင်းမွန်တဲ့ ဗိသုကာလက်ရာဖြစ်တဲ့ နေရာ ဖွဲ့စည်းထားပုံနဲ့ အလင်းရောင်၊ လေ၀င်လေထွက် ပေးထားပုံက ထူးခြားတယ်၊ မျက်နှာကျက် အနိမ့်အမြင့်ကစားထားပြီး အလင်းရောင်နဲ့ လေ၀င်လေထွက်ကို အမိုးပေါ်ကနေ ပေးထားတယ်၊ မျက်နှာကျက်အမိုးပေါ်မှာ တပ်ထားတဲ့ မှန်အဖွင့် တစ်ခုဟာ အိမ်ရဲ့ ပဉ္စမမျက်နှာစာလို့ ဆိုနိုင်ပါတယ်၊



(balloon frame) နဲ့ တည်ဆောက်ထားတဲ့ အိမ်လေးဟာ ကွန်ကရစ်ကြမ်းခင်းပေါ်မှာ တင်ထားပြီး နံရံတွေကို (၃၀x၃၀) မီလီမီတာ ရှိတဲ့ ၀က်သစ်ချသားနဲ့ ၀န်းပတ်ထားတယ်၊ (iron sulphates) နဲ့ အသားကို မည်းနက်ခိုင်ခန့်စေတယ်၊ ၀က်သစ်ချသားကြမ်းခင်း ခင်းထားတယ်၊ အမိုး၊ နံရံ၊ ကြမ်းခင်းတွေကို mineral wools နဲ့ insulation လုပ်ထားတယ်၊

(၂၀၀၉) ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး Primus architects ဗိသုကာအဖွဲ့က ဒီဇိုင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ။ ။ ဗိသုကာ နှစ်




No comments:

Post a Comment