Thursday 29 March 2012

Felix Nussbaum Haus






(၁၉၉၉) ခုနှစ်မှာ ဒီဇိုင်းပြုလုပ်တည်ဆောက်ခဲ့တဲ့ Jewish Musemum ရဲ့ ဗိသုကာ Daniel Libeskinds ဟာ အဲဒီ ပြတိုက်နဲ့ နိုင်ငံတကာမှာ ထင်ရှားလာခဲ့တယ်၊

သိပ်မကြာသေးခင်မှာပဲ သူ့ရဲ့ ပြတိုက်ဒီဇိုင်း ဖြစ်တဲ့ Felix Nussbaum Haus Extension ကို ဖွင့်လှစ်ခဲ့ပြီ ဖြစ်တယ်၊
အဲဒီပြတိုက်ဟာ ကမ္ဘာက အချိန်အတော်ကြာ မေ့လျော့ထားတဲ့ ပန်းချီဆရာ Felix Nvssbaum ကို ဂုဏ်ပြုတည်ဆောက်ထားခဲ့တာပါ၊ ပန်းချီဆရာရဲ့ လက်ရာပေါင်း (၁၆၀) ကျော်ကို ပြသရာ အဆောက်အအုံ ဖြစ်ပါတယ်၊

(၁၉၉၆) ခုနှစ်မှာ ဗိသုကာ Daniel Libeskinds က အဆိုပြုတင်သွင်းတဲ့ လက်ရာဒီဇိုင်း အရွေးချယ်ခံခဲ့ရပြီး (၁၉၉၈) ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တယ်၊

အဆောက်အအုံမှာ တခုနဲ့ တခု ချိတ်ဆက်ထားတဲ့ ထုသွင် သုံးခုပါဝင်တယ်၊ ၀က်သစ်ချသားနဲ့ တည်ဆောက်တဲ့ အပိုင်းမှာ ပန်းချီဆရာရဲ့ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က လက်ရာတွေပြသရာနေရာ ဖြစ်တယ်၊ သူနဲ့ ချိန်ဆက်ထားတဲ့ ကွန်ကရစ်ထုသွင်မှာတော့ နာဇီလက်အောက် ပုန်းအောင်းနေရချိန်က လက်ရာတွေ၊ သတ္တုနဲ့တည်ဆောက်ထားတဲ့ ထုသွင်မှာတော့ ပြန်လည်တွေ့ရှိထားတဲ့ လက်ရာတွေ ပြသရာနေရာ ဖြစ်ကြပါတယ်၊

Deconstrutivist လို့ ဝေဖန်သူများက ခေါ်ကြတဲ့ ဗိသုကာ Libeskinds ရဲ့ ဒီဇိုင်းဟာ အများနဲ့မတူ ချွန်ထက်ထိုးထွက်နေတဲ့ ထုသွင်သဏ္ဍာန်ပါပဲ၊ သူဟာ ပြတိုက် အမျိုးအစားပေါင်းမြောက်များစွာကို ဒီဇိုင်းပြုလုပ်သူ ဖြစ်တယ်၊

ဒီ Felix Nussbaum Haus Extension ဟာ တောင့်ချွန်ထုထည်တခု ဖြစ်ပြီး အနီးအနားမှာ ရှိတဲ့ Osnabruck Cultural and History Museum အ၀င်ဝနဲ့ ဆက်နွယ်ပေးထားတယ်၊


ဝေဖန်သူတွေကတော့ ဒီဇိုင်းဟာ ကျဉ်းမြောင်းသေးသွယ်ပြီး ဖျော့တော့အားနည်းတဲ့ အလင်းရောင်ဟာ စိတ်အခြေအနေကို ဖိနှိပ်ထားသလိုပဲ လို့ ဆိုကြတယ်၊

လွန်ခဲ့တဲ့ တစ်ဆယ့်သုံးနှစ်ကြာက တည်ဆောက်ခဲ့တဲ့ မူလ ပြတိုက်ရဲ့ ဒီဇိုင်းကိုလည်း ပြနလည် ထင်ဟပ် သစ်လွင်စေတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်၊





ရေးသားသူ။ ။ ဗိသုကာ နှစ်

Reference;
http://en.wikipedia.org/wiki/Felix_Nussbaum_Haus
http://www.daniel-libeskind.com/projects/show-all/felix-nussbaum-haus/

No comments:

Post a Comment