Thursday 29 March 2012

Plus House, Japan


 
Plus House လို့ ခေါ်တွင်တဲ့ အိမ်လေးဟာ ဂျပန်နိုင်ငံ၊ Izu-San မှာ တည်ရှိတယ်၊ Mount Fuji Architects Studio က ဒီဇိုင်း ပြုလုပ်တည်ဆောက်တယ်၊
ဆင်ခြေလျှောတောင်စောင်းလေးပေါ်မှာ တည်ဆောက်ထားပြီး အိမ်ရဲ့ တောင်ဖက်အခြမ်းကနေ ပစိဖိတ်သမုဒ္ဒရာကို လှမ်းမြင်ရတယ်၊

ချယ်ရီပင်တွေ၊ ၀က်သစ်ချပင်တွေ ခပ်ရိုင်းရိုင်းပေါက်လေ့ရှိတဲ့ မြေနေရာမှာ လေးတောင့်တုံးနှစ်ခုကို အပေါင်းလက္ခဏာသဏ္ဍာန် တောင့်မှန်ကျကျ ချထားခြင်းအားဖြင့် ဗိသုကာလက်ရာတခုကို ဖြစ်လာစေတယ်၊

အောက်ထပ်မှာ အိပ်ခန်း၊ ရေချိုးခန်းတွေကို သီးသန့် ရှိနေစေတယ်၊ လက်ရှိတည်ရှိနေတဲ့ မြေအနေအထားထဲမှာ တစိပ်တပိုင်း မြုပ်နှံထားတယ်၊ အောက်ထပ်ကအခန်းတွေနဲ့ သူ့အမိုးပေါ်က ကပြင်ကနေ မိုးကောင်းကင်နဲ့ ပင်လယ်ဆီကို ကျယ်ကျယ်ပြန့်ပြန့် လှမ်းပြီးမြင်နိုင်တယ်၊

အထက်ပိုင်းအထပ်မှာ ဧည့်ခန်း၊ မီးဖိုခန်းတွေရှိပြီး တောင်ကြောလေးပေါ်မှာ လေးတောင့်တုံးတခုအနေနဲ့ ခွတင်ထားတယ်။
ရေးသားသူ။ ။ ဗိသုကာ နှစ်

No comments:

Post a Comment