အခုတလော အလုပ်သိပ်မလုပ်ဖြစ်ပဲ
စာပဲဖတ်ဖြစ်နေတော့ ၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီလထုတ် Architecture Today မဂ္ဂဇင်းထဲမှာ စိတ်ဝင်စားစရာ
အိမ်တလုံး ကျွန်တော် တွေ့လိုက်ရတယ်။
အခုဒီအိမ်မှာလည်း
စိတ်ဝင်စားစရာ ကောင်းတဲ့ စတွက်ချာ ဖန်တီးမူလေးတခုပါဝင် ပုံထုတ်ထားတာတွေ့လို့ သတိထား
မိအောင် ထပ်ဆင့် ပြောပြချင်ပါတယ်။
The Double villa Haus by Christian Kerez
ဗိသုကာ
Christian Kerez ဟာ The Double Villa Haus ဆိုတဲ့ အိမ်လေးကို ဇူးရစ်မြို့ရဲ့
Witican အရပ်မှာ တည်ဆောက်ခဲ့ပါတယ်။
သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့
အခြားသာမာန် လုံးချင်းအိမ်လေးတွေနဲ့ သစ်သား ဂိုဒေါင်ကြီး (၁၉ရာစုနှစ်က ဆောက် ထားတာ)
တစ်လုံး ရှိတယ်။ Villa Haus ကို မှန်နဲ့ ကွန်ကရစ်တွေ သုံးပြီး ခေတ်ဆန်တဲ့ တည်ဆောက်နည်းနဲ့
ဆောက်ထားတယ်၊ ရှင်းလင်းသပ်ရပ်တဲ့ ဆနွင်းမကင်းပုံ ဖန်တုံး အိမ်လေးဟာ သူ့ပတ်ဝန်းကျင်မှာ
ရှိပြီးသား နဂိုအဆောက်အအုံ (သမားရိုးကျ ဆန်တဲ့ ပုံစံ) တွေထဲမှာ အရမ်း ထူးခြားမနေပဲနဲ့
တည်ငြိမ်စွာ ပေါ်လွင်နေပါတယ်။
ဗိသုကာဟာ
ဒီအိမ်လေးကို ဒီဇိုင်းလုပ်ရာမှာ နှစ်အိမ်လုံးကနေ ရေကန်ကို မြင်ကွင်းရဖို့ အဓိကစဉ်းစားပုံထုတ်ခဲ့ပါတယ်။
အဲဒီလို မြင်ကွင်း ကောင်းကောင်းရဖို့ ပတ်ပတ်လည်နံရံ မှန်ချပ်တွေနဲ့ ကာရံထားပါတယ်။ အခြား
structure member တွေမပါပဲ အလယ်နံရံ တစ်ကြောင်းတည်း ကိုသာ ဇစ်ဇက်လွှဲထားပြီး အဓိက သုံးထားတာ
ဖြစ်ပါတယ်။
လှလှပပ အစီအစဉ်တကျကွေ့ကောက်နေတဲ့
၄၀၀ မီလီမီတာ သာ ထူတဲ့ အဲဒီ နံရံဟာ သူ့အပေါ်က အစွန်းထုတ် ကြမ်းခင်းပြားကို ထမ်းထားသလို
ဘေးက နေရာတွေကိုလဲ မတူညီတဲ့ spatial dimension ကိုပေးခဲ့ပါတယ်။ ဧည့်ခန်းနေရာမှာ ကျယ်ဝန်းပြီး
လွတ်လပ်တဲ့ မြင်ကွင်းကို ဖြစ်ပေါ်စေပါတယ်။

တကယ်ဆို ကျွန်တော်တို့တွေလည်း
ဗိသုကာကြီး ဖရန့်လွိုက်ရိုက်ရဲ့ ရေတံခွန်ပေါ်က အိမ်လို မီးစ်ဗင်ဒါရိုးရဲ့ ဖရန့်ဝေါ့စ်ဟောက်စ်
လို အိမ်ရဲ့ အဓိပ္ပါယ်လို ပိုမိုကျယ်ပြန့် လေးနက်စေတဲ့ အိမ်တွေ၊ လီကော်ဗူးဆေးရဲ့
structure member နဲ့ အကာအရံ (enclose) သီးခြား ဒီဇိုင်းလုပ်တဲ့ နည်းတွေ၊ ၀န်ထမ်းနံရံနဲ့
structure slab တွေ အကြောင်း ကောင်းကောင်း သိခဲ့ပေမယ့် ဗိသုကာ Christian Kerez လို
ဒီဇိုင်းလုပ်ဖို့ မစဉ်းစားခဲ့မိဘူးလေ။
ဒါကြောင့်လည်း
Christian Kerez ဟာ ကမ္ဘာတန်းဝင်တဲ့ ဗိသုကာ တယောက် ဖြစ်စေနိုင်လောက်တဲ့ ၀ါဆောမှာ တည်ဆောက်မယ့်
ခေတ်သစ် အနုပညာ ပြတိုက်ဒီဇိုင်းလို ပရော့ဂျက်တွေ လုပ်ခွင့်ရခဲ့တာပေါ့။ ဒီအိမ်လေးဟာ
ထူးခြားတယ်၊ ရိုးရှင်းတယ်၊ ဆန်းသစ်တယ်။ ပတ်ဝန်းကျင် အမြင်ပသာဒ မှာလည်း အရမ်းကွဲထွက်
ထူးခြားမနေပဲနဲ့ ထင်ထင်ပေါ်ပေါ် လေး ရှိနေတယ်၊ ခြုံကြည့်ရင် ကောင်းတဲ့ဒီဇိုင်းတခုလို့
ဆိုနိုင်တယ်။
interior of The Double villa Haus
ဒါပေမယ့် ပတ်ဝန်းကျင် ရာသီဥတုနဲ့ တကယ်နေထိုင်တဲ့ လူရဲ့ ခံစားချက်ကို ထည့်တွက်ဖို့တော့ လိုသေးတယ်၊ ယခု အသုံးပြုနေထိုင်သူရဲ့ ခံစားချက်ကို မသိရလို့ user convenient ဖြစ်မဖြစ် အဆင်ပြေမပြေ မသိရပါဘူး၊ ဒါကြောင့် ကောင်းတယ် မကောင်းဘူးဆိုတာ မပြောနိုင်ဘူး ပေါ့။
နောက်တချက်က
သူ့ရဲ့ ကြီးမားလှတဲ့ မှန်ချပ်လျှောတံခါးတွေကို ဖွင့်ဖို့ ပိတ်ဖို့အတွက် သုံးရတဲ့ နည်းပညာနဲ့
မှန် အမျိုးအစားတွေဟာ သာမာန် အိမ်တလုံးအတွက် လက်တွေ့ကျတဲ့ ဒီဇိုင်းနည်းလမ်းတွေ မဟုတ်ပါဘူး၊
ဒါကြောင့် သတိထားရမှာက ထူးခြားတယ်၊ ဆန်းသစ်တယ် ဆိုတိုင်း အားလုံးကောင်းတယ်လို့တော့
မဆိုနိုင်ပါဘူး။
ဒါ့အပြင်
သူ့ဒေသ၊ သူ့ထုံးစံမှာ ကောင်းတာမှန်ပေမယ့် ကိုယ့်ဒေသ ကိုယ်ထုံးစံမှာ တိုက်ရိုက် ကူးယူ
အသုံးပြုတာဟာ ဒီဇိုင်းနာ တယောက်ရဲ့ အလုပ်မဟုတ်ပါဘူး၊ အသုံး ပြုဖို့ လိုအပ်ခဲ့ရင်တောင်
ကိုယ့်ဒေသ၊ ကိုယ့်အခြေအနေ၊ ကိုယ့်ထုံးစံနဲ့ ညီအောင် ညှိနိုင်း အသုံးပြုမှ ကိုယ်ပိုင်ဒီဇိုင်းဆိုတာ
ရလာမှာပါ။
ရေးသားသူ။
။ဗိသုကာ တစ်
No comments:
Post a Comment