Friday 6 April 2012

Charles Gwathmey

အဖြူရောင်များ ( The Whites) သို့မဟုတ် နယူးယောက်ငါးဦး (The Newyork Five) ဟုတင်စားခေါ်ဝေါ်နိုင်သော ထင်ရှားလှသော ဗိသုကာငါးဦးအုပ်စုမှ တဦးဖြစ်သူ ချားစ်ဂွာ့မေလ် (Charles Gwathmey) မှာ ပြီးခဲ့သော သြဂုတ်လ (၃)ရက်က ကွယ်လွန်ခဲ့ပြီဖြစ်ပါသည်။ 

ငါးဦးအဖွဲ့မှ ဂျွန် John Hejduk မှာမူ (၂၀၀၀) ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ဂွာ့မေလ်သည် အသက် (၇၁) နှစ်တွင်ကွယ်လွန်ခြင်းဖြစ်သည်။ 

(၁၉၆၆) ခုနှစ်တွင် မိဘများအတွက် တည်ဆောက်ပေးခဲ့သော အိမ်ဒီဇိုင်း (Gwathmey’s House) သည် ထင်ရှားလှသည်။ ထို့နောက် ဗိသုကာ ဖရန့်လွိုက်ရိုက် (Frank Lloyd Wright) နှင့်တွဲဖက်၍ ဒီဇိုင်းပြုလုပ်သော Guggenheim Museum အပြင် ဗိသုကာ ပေါလ်ရုဒေါ့ (Paul Rudolph) နှင့်အတူ ဒီဇိုင်းပြုလုပ်သော Art and Architecture Building at Yale University အဆောက်အအုံများသည်လည်း ကျော်ကြားပါသည်။ 

အဖြူရောင်ငါးဦးအဖွဲ့မှ ကျန်ခဲ့သော ဗိသုကာများဖြစ်သည့် Michael Graves, Peter Eisenman, Richard Meier တို့သည် ဂွာ့မေလ်နှင့်အတူ အဖြူရောင်အဖွဲ့ကို စတင်ခဲ့ကြပုံများကို ပြန်လည် အောင်းမေ့ပုံဖော်နေကြသည်၊ ဗိသုကာ လီကော်ဗူးဆေး၏ ရှင်းလင်းသော ဗိသုကာလက်ရာဟန်များကို အရယူကာ အဖြူရောင်အဆောက်အအုံများကိုသာ အများဆုံးတည်ဆောက်ခဲ့ကြသူများအဖြစ် ကျော်ကြားခဲ့သူများဖြစ်သည်။ 

(၁၉၆၀) ခုနှစ်အလယ်လောက်တွင်မှ စ၍ နယူးယောက်တွင် နေထိုင်ကြကာ ဆရာများ၊ ဗိသုကာများအဖြင့် အသက်မွေးခဲ့ကြသည်။ အထူးသဖြင့် ခေတ်သစ်ဗိသုကာပညာ (Modern Architecture)ကို ဖော်ကျူးနိုင်သူများအဖြင့် ထင်ရှားလှသည်။ 

“ကျွန်တော်တို့ဟာ တဦးရဲ့အလုပ်မှာ တဦးပါဝင်ခဲ့ကြသလို တဦးရဲ့အလုပ်ကို တဦးက လေးလေးစားစားရှိခဲ့ကြတယ်နော်” ဟု မိုင်ယာ (Richard Meier) က ပြန်ပြောင်းအောင်းမေ့စကားဆိုသည်၊ “ကျွန်တော်တို့တွေဟာ စနေနေ့နံနက်တိုင်းမှာ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြတယ်” ဟု ဆက်ပြောပါသည်။ 

အဲဒီတုန်းက ဂွာ့မေလ်က ပြောခဲ့ပါသေးသည်၊ “ကျွန်တော်တို့တွေက ကိုယ့်အလုပ်ကိုယ်စီကို ကိုယ့်လုပ်ဖော်ကိုင်ဖက်ရှေ့မှာ ဂျူရီအစစ်ပြန်ခံကြတယ်” ဟု။ 

အဖြူရောင်ငါးဦးအဖွဲ့သည် ဗိသုကာဖီးလစ်ဂျွန်ဆင်ဦးဆောင်သည့် ဗိသုကာအဖွဲ့တွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ကြသည်။ Gwathmey, Richard Meier, Peter Eisenman နှင့် Steven Hall တို့သည် (၂၀၀၂) တွင် WTC အဆောက်အအုံဒီဇိုင်းကိုလည်း ရေးဆွဲခဲ့ကြသေးသည်။ 

John Hejduk နှင့် Charles Gwathmey တို့ ကွယ်လွန်ခဲ့ပြီးနောက် Micheal Graves က သံဝေဂရစွာ ပြောကြားသည်မှာ“ကျွန်တော်တို့ နယူးယောက်ငါးဦးက တဖြည်းဖြည်း လျော့လာပြီ၊ ဖြစ်လာမှာပဲလေ၊ ကျွန်တော်တို့တွေလည်း အိုမင်းလာသလောက် ကျွန်တော်တို့ အဖွဲ့ကလည်း သေးငယ်လာရပြီပေါ့” “ကျွန်တော်တို့တွေဟာ ကြီးမြတ်တဲ့ အဖွဲ့ဖြစ်ခဲ့ပါတယ်၊ အခုလည်း ကြီးမြတ်နေဆဲပါပဲလေ”

ရေးသားသူ။ ။ဗိသုကာ နှစ်

No comments:

Post a Comment